ကော့ကရိတ်-မြဝတီလမ်းဟောင်း၌ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရမှု မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းနှင့်ဆက်စပ်မှုရှိဟု တပ်မတော်ပြော

ကော့ကရိတ်-မြဝတီလမ်းဟောင်း၌ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရမှု မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းနှင့်ဆက်စပ်မှုရှိဟု တပ်မတော်ပြော

စအိုင်ဆူး — ဩဂုတ်လ ၃၀ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်ကားလမ်းဟောင်း အလယ်ဘိုတဲ အနီး ဓမ္မံအောင်တောင်ကုန်း တပ်မတော်ဆက်သွယ်ရေးစခန်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် သားနှစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်မှာ မြဝတီခရိုင်အတွင်း ကျပ်သန်းပေါင်းများတန်ဖိုးရှိသော မူးယစ်ဆေးဝါး ဖမ်းဆီးရမှုဖြစ်စဉ်နှင့် ဆက်စပ်မှုရှိကြောင်း တပ်မတော်ဘက်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော လတ်တလော အခြေအနေနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ်အဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီဖြစ်စဉ်ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ဆက်စပ်သတင်းအရတော့ ဖြစ်စဉ်မတိုင်ခင်မှာ  ဒီမြဝတီမှာ ကျနော်တို့ ဒါအဖွဲ့အစည်းတချို့နဲ့ ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးပေါ့နော်၊ ကျနော်တို့ တန်ဖိုး ဘီလီ ယံနဲ့ချီပြီး ဖမ်းဆီးရမိခဲ့တယ်။ ကျနော်တို့ရရှိတဲ့ သတင်းအရတော့ အဲ့ဒီ ဖမ်းဆီးရခဲ့တဲ့ဟာကို မကျေနပ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်စဉ်ဖြစ်ပွားရတယ်ဆိုပြီး သတင်းကို ကနဦးရရှိတယ်။ ထပ်မံပြီးတော့ အသေးစိတ်ကို လိုက်လံစုံစမ်းလျက်ပဲရှိသေးတယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

သြဂုတ်လ ၃၀ရက်နေ့ ဖြစ်စဉ်တွင် အမှတ်(၇)ဆက်သွယ်ရေးတပ် (ဘားအံ)မှ ဗိုလ်ကြီးလှိုင်မျိုးထိုက် ဦးစီးအဖွဲ့ သည် ၎င်းတောင်ကုန်းရှိ ဆက်သွယ်ရေးစခန်းနှင့် ဆက်သွယ်မှုမရရှိသဖြင့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် တံတားကျိုး ကျေးရွာအနီးတစ်ဝိုက်တွင် အခြေပြုနေသည့် အမှတ် (၃၁၀)ခြေမြန် တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး မင်းသိန်းဦးစီး တပ်စိတ်(၁)စိတ်မှ ၎င်းတောင်ကုန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကုန်း၌ OTA Station လုံခြုံရေးဆောင်ရွက်နေသည့် အမှတ်(၇) ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် မြတ်မင်းဇော်နှင့် တပ်သား ညီညီ သန့်တို့နှစ်ဦးမှ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားသူ တပ်မတော်သား နှစ်ဦး၏ ရုပ်လောင်းအား အမှတ် (၃၁၀) ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန်းဝင်းနိုင် ဦးစီးစစ်ကြောင်းနှင့် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲ မှူးကြီးပြည့်စုံအောင် ဦးစီးတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်၍ သယ်ယူရန် ဒုတပ်ကြပ် မြတ်မင်းဇော်၏ အလောင်းအား တစ်ဖက်သို့လှန်စဉ် အလောင်းအောက်မှ လက်ပစ်ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ် တပ်မတော်သား (၃)ဦးသေဆုံးကာ ဒုရဲအုပ်တစ်ဦးနှင့် တပ်မတော်သား ၄ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျပ်သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၁,၈၀၀ ကီလိုဂရမ်ကျော်နှင့် ဘိန်းဖြူဘလောက်တုံးများကို DKBAမှ ဖမ်းဆီးရ ခဲ့သလို မြဝတီမြို့၏တောင်ဘက် မိုင် ၅၀ ခန့်အကွာရှိ စုကလိမြို့ ဘလက်ဒိုကျေးရွာတွင်လည်း ကျပ်သိန်းပေါင်း (၂၃၄,၆၀၀) တန်ဘိုးရှိ ICE မူးယစ်ဆေးဝါး ၃၉၁ ကီလိုဂရမ်ကို သြဂုတ်လ ၁၀ရက် နေ့က ယာဉ်မောင်း တစ်ဦးနှင့်အတူ တပ်မတော်နှင့် DKBA ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သေးသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...