မဲဆွယ်စည်းရုံရေးကာလ အနည်းဆုံး ၂ လ မရရှိပါက လွန်စွာခက်ခဲနိုင်ကြောင်း KNDP ထုတ်ပြန်

မဲဆွယ်စည်းရုံရေးကာလ အနည်းဆုံး ၂ လ မရရှိပါက လွန်စွာခက်ခဲနိုင်ကြောင်း KNDP ထုတ်ပြန်

စောရှား — နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံရေးကာလ အနည်းဆုံး ၂ လတာ မရရှိပါက KNDP- ကရင်အမျိုးသား ဒီမို ကရက်တစ်ပါတီအနေဖြင့် လွန်စွာ အခက်အခဲ ပေါ်ပေါက်လာနိုင်ကြောင်း စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။

Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရဖွယ် ရှိမရှိ အခြေအနေကို အောက်တိုဘာလမှ အသိပေးမည်ဟူသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ယခုလို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။

“စည်းရုံးရေးကာလက မထုတ်ပြန်သေးဘူး။ ရွေးကောက်ပွဲ လုပ်ဖို့ကြေညာထားတာက နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲဖြစ် မဖြစ် ဟိုးအောက်တိုဘာလကုန်ခါနီးမှ ကြေညာလိုက်မယ်ဆိုရင်တို့အတွက် နစ်နာပြီပေါ့။  ရွေးကောက်ပွဲရွှေ့ရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တာပေါ့။ အကြီးအကျယ်ပြင်ဆင်ထားပြီးမှ ရွေးကောက်ပွဲ မဖြစ်တော့ဘူး ဆိုရင်လည်း အလဟဿဖြစ်ပြန်ရောပေါ့။ တို့ပါတီအနေနဲ့ ထိုင်ရထရမလား။ ကိုးလိုးကန့်လန့် ဖြစ်နေတယ်” ဟု ပြောသည်။

KNDP ၏လစဉ်ပုံမှန်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မည်သည့်အခြေအနေတွင်မဆို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး နှစ်လကြာ ခွင့်ပြုစီစဉ်ပေးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းတောင်းဆိုသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် ရွေးကောက်ပွဲကို အထောက်အကူပြုနိုင်ရန် ၂၀၂၀၊ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရက်ပေါင်း ၇၀ ကြာ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာချက် အပြည့်အဝထောက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးက ဆက်လက်ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်ထဲ၌ ပါရှိသည်။

KNDP ၏ ယခုအကြိမ် လစဉ်အစည်းအဝေးတွင် ထုတ်ပြန်ထားသည့် အချက်များအပါအဝင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လက်ရှိ လုပ်ဆောင်ထားသည့်အရာများ၊ ဆက်လက်လုပ်ဆောင်သွား မည့်အခြေအနေများ၊ အခက်အခဲ၊ ပြဿနာ၊ အောင်မြင်မှု အကြောင်းအရာများကိုပါ ဆွေးနွေးသုံးသပ်ကြကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...