ရခိုင်ပြည်နယ်မှလာသူ ၇ဦး အထောက်အထားမဲ့ဖြင့် မြဝတီမြို့တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်မှလာသူ ၇ဦး အထောက်အထားမဲ့ဖြင့် မြဝတီမြို့တွင် ဖမ်းဆီးခံရ

နေနော် — ထိုင်းနိုင်ငံသို့ သွားရန် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှတဆင့် စစ်တွေမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့တို့တွင် အဆင့်ဆင့်နေထိုင်ခဲ့ကာ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် မြဝတီမြို့၌ အထောက်အထားမဲ့ဖြင့် ရောက်ရှိနေထိုင်သူ ၇ဦးအား စက်တင်ဘာ ၂ ရက် ည (၉:၃၀) အချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဆင်းရွှေလီ(၃)လမ်းရှိ နေအိမ်တစ်ခု၌ ဖမ်းဆီးခံရကြောင်း သိရသည်။

မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် ဆင်းရွှေလီ(၃)လမ်းရှိ တန်းလျားအခန်းတစ်ခု၌ ရခိုင်ပြည်နယ်ဘက်မှ လာရောက်၍ နေထိုင်လျက်ရှိကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း ဦးစီးအဖွဲ့၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့စဉ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ဘက်မှလာသည့် အထောက်အထားမဲ့ ကျား(၅)ဦး မ(၂)ဦး၊ စုစုပေါင်း (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ ဦးမာမတ်ဟာဆွန်(၃၅) နှစ်၊ ဦးမာမတ်ကောမောင် (၂၄) နှစ် ၊ ဟာကီ နက်ဟူစိန်(ခ)ကျော်သီဟ (၇)နှစ်၊ မာမတ်ဟူစိန်(ခ)ကျော်သူရ (၂) နှစ်၊ မလှလှမေ (၂၈) နှစ်၊ မဘီဘီစီ တန်(ခ)စန္ဒာကျော် (၅) နှစ်နှင့် နေအိမ်တန်းလျားတွင် လက်ခံထားရှိသူ မောင်ထွန်းနိုင်(ခ)ရမ်ရတ်ချ် (၂၇) နှစ်တို့အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ ၇ ဦးအနက် ဦးမာမတ်ဟာဆွန်ပါမိသားစုဝင်(၆)ဦးမှာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ဘူးသီးတောင်မြို့မှ လွန်ခဲ့သော (၃) လကျော်ခန့်မှ ထွက်ခွာခဲ့ပြီး စစ်တွေမြို့တွင်(၂)လခန့် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့တွင် (၁)လခန့်နေထိုင်ခဲ့သည်။

ထို့နောက် မင်္ဂလာတောင်ညွန့်မြို့မှ ၂၀၂၀ ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းက ထွက်ခွာခဲ့ရာ ဩဂုတ်လ ၃၁ ရက်နေ့တွင် မြဝတီမြို့သို့ ရောက်ရှိခဲ့ကာ မောင်ထွန်းနိုင်(ခ)ရမ်ရတ်(ချ်)၏နေအိမ်တန်းလျားတွင် ခေတ္တနေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...