ပါတီဆိုင်းဘုတ်ပေါ်တွင် ကရင်နှင့်ပအိုဝ်းအမျိုးသားအလံအသုံးပြုသည့်ကိစ္စ စာယဉ်အဖွဲ့များကန့်ကွက်

ပါတီဆိုင်းဘုတ်ပေါ်တွင် ကရင်နှင့်ပအိုဝ်းအမျိုးသားအလံအသုံးပြုသည့်ကိစ္စ စာယဉ်အဖွဲ့များကန့်ကွက်

နန်းဝေဖြိုးဇာ — မွန်ပြည်နယ် သထုံမြို့နယ်တွင် ပါတီနှစ်ခုမှ ပါတီဆိုင်းဘုတ်စိုက်ထူရာတွင် ပါတီအလံနှင့်အတူ ကရင်နှင့် ပအိုဝ်းတို့ အမျိုး သားအလံကို ပူးတွဲစိုက်ထူထားသည့်ကိစ္စနှင့်ပတ်သက်၍ သထုံမြို့နယ် ကရင်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ပြည်နယ်ပအိုဝ်း စာပေယဉ်ကျေးမှုအဖွဲ့တို့က သထုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် ကန့်ကွက် စာပေးပို့ခဲ့သည်ဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာပါတီအသီးသီးက ပါတီဆိုင်းဘုတ်ကို ကျေးရွာများတွင် စိုက်ထူလာကြကာ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) နှစ်ခုက သထုံမြို့နယ် ကျေးရွာအချို့တွင် ပါတီဆိုင်းဘုတ်စိုက်ထူရာတွင် ကရင်အမျိုးသားအလံနှင့် ပအိုဝ်းအမျိုးသားလံကို ပါတီအလံနှင့်အတူ ပူးတွဲစိုက်ထူခြင်းသည် အထင်အမြင်လွဲမှားမှုရှိလာသည့်အတွက် သက်ဆိုင်ရာစာပေယဉ်ကျေးမှုအဖွဲ့က ယခုလိုကန့်ကွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်နယ် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ခွန်ဖိုးဆောင်းက “တွေ့တဲ့အတိုင်းပဲ အချို့ကျေးရွာမှာ အဲဒီထဲကပါတီ တစ်ခုဆို သူတို့ပါတီအလံက ကျနော်တို့ ပအိုဝ်းအလံ၊ ကရင်အလံတွေထက်မြင့်တယ်။ ဒါက ကျနော်တို့ လုံးဝလက် မခံနိုင်ဘူး။ ကျနော်တို့တစ်မျိုးသားလုံးကို စော်ကားရာရောက်တယ်။ အခုကန့်ကွက်တာလည်း လူထုတွေက သူတို့တွေ့တာကို လက်မခံနိုင်လို့ လာတင်ပြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မိမိအမျိုးသားအလံတော်ကို အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်ဆောင်ရွက်ခြင်းကို ကန့်ကွက်သည့်အပြင် အဆိုပါ ပါတီနှစ်ခုကို သတိပေးတားမြစ်ပေးရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကန့်ကွက်စာတင်ပြထားခြင်းဖြစ်သည်ဟုလည်း ကရင်နှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့က ဆိုသည်။

ဒေသအတွင်းရှိပါတီဝင်များက ဆိုင်းဘုတ်စိုက်ထူထားခြင်းနှင့်ပတ်သက်၍လွဲချော်မှုရှိပါက ပြန်လည်တောင်းပန်သလိုလွဲချော်မည့်နေရာကိုလည်း ပြန်လည်စိစစ်ပေးသွားမည်ဖြစ်ကြောင်းလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုက ရေစီပါတီ-UNDP ဗဟိုအလုပ်အမှုဆောင် အထွေထွေအတွင်းရေးမှူး နော်အုန်းလှက ကေအိုင်စီသို့ပြောသည်။

“အန်တီတို့လူတွေ တစ်ခုခုချွတ်ချော်တာရှိရင် တောင်းပန်တယ်။ သထုံမှာ ဝင်ရွေးမယ့်ကိုယ်စားလှယ် ၃ ယောက်ရှိတယ်။ ၃ ယောက်စလုံး အခုရန်ကုန်မှာသွားတယ်။ သူတို့သွားပြီးနောက်ပိုင်းမှ ဒီလိုဖြစ်လာရင်တော့ မရိုးသားဘူးလို့ ပြောရမှာ ပေါ့။ ဒါကပြန်စုံစမ်းရမှာပေါ့။ ကျမတို့ပါတီဆိုင်းဘုတ်တင်တဲ့ရွာမှာက ကရင်ရွာဖြစ်လို့ သူတို့တွေက ကရင်အလံကို ထောင်တာဖြစ်မယ်။ အခြားဘာရည်ရွယ်ချက်မှရှိမှာမဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ ကျမတို့ပါတီမှာက ပအိုဝ်းအလံတော့ သုံးတာမရှိဘူး” ဟု နော်အုန်းလှက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နိုင်ငံရေးပါတီများက ကရင်အမျိုးသားအလံ အသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ သတိပေးတားမြစ်ပေးနိုင်ရန် အတွက် သထုံမြို့နယ် ကရင်စာပေယဉ်ကျေးမှုအဖွဲ့က KNU -ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁) ဆက်ဆံရေးရုံးသို့ ပူးတွဲစာပေးပို့ထားကြောင်းလည်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...