ရွှေအတုများပြုလုပ်ကာ လိမ်လည်ပေါင်နှံသည့် လူလိမ်ဂိုဏ်းအဖွဲ့မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

ရွှေအတုများပြုလုပ်ကာ လိမ်လည်ပေါင်နှံသည့် လူလိမ်ဂိုဏ်းအဖွဲ့မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

နေနော် — နည်းပညာအသုံးပြု၍ မှတ်ကျောက်အတင်ခံနိုင်သည့် ရွှေထည်ပစ္စည်းအတုများပြုလုပ်ပြီး ရွှေဆိုင်များတွင် လိမ်လည်ပေါင်နှံသည့် လူလိမ်ဂိုဏ်းမှ အမျိုးသမီးတစ်ဦးအား မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်ဈေးအနီး ရွှေပြည့်လျှံရွှေဆိုင်တွင် ရွှေထည်ပစ္စည်းအတုများ လာရောက်ပေါင်နှံစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၀ရက်၊ နံနက်က ရွှေဆိုင်တွင် အမျိုးသမီးတစ်ဦးမှ ရောက်ရှိလာပြီး မထက်ထက်အောင် အမည်ဖြင့် မြန်မာရွှေ (၁၅- ၃၈) ဂရမ်ရှိ နှစ်ထပ်ဆွဲကြိုး(၁)ကုံးအား (၈)သိန်းကျပ်ဖြင့် လာရောက်ပေါင်နှံခဲ့ပြီး CCTV မှတ်တမ်းများအရ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့် ဇူလိုင်လ၂၈ ရက်နေ့တွင်လည်း မခင်ခင်ဦးအမည်ဖြင့် မြန်မာရွှေ(၁၀. ၃) ဂရမ်ရှိ K လက်ကောက် (၁)ကွင်း၊ မြန်မာရွှေ(၁၄-၃၇)ဂရမ်ရှိ ဆွဲကြိုး(၁)ကုံး၊ ပေါင်း(၂)ခုကို ငွေကျပ် (၁၃၅ ၀၀၀ဝိ/-)ဖြင့် ပေါင်နှံခဲ့ဖူးသည်ဟု ရွှေပြည့်လျှံရွှေဆိုင်ပိုင်ရှင် မရွှေသဇင်က ပြောသည်။

သူမက “ မသင်္ကာ၍ သူလာရောက်ပေါင်နှံထားတဲ့ ရွှေထည်ပစ္စည်းတွေကို မှတ်ကျောက်ကြမ်းနဲ့ ပွတ်တိုက် စစ်ဆေးကြည့်ရာမှာ ရွှေအတုများဖြစ်နေတဲ့အတွက် မြဝတီမြို့မရဲစခန်းကို  မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဖမ်းဆီး အပ်နှံခဲ့ပြီး အမှုဖွင့်တိုင်တန်းခဲ့ပါတယ်”ဟု ပြောသည်။  

ထိုသို့ အမှုဖွင့်တိုင်တန်းမှုကြောင့် မြဝတီမြို့မရဲစခန်းမှ ၎င်းရွှေထည်ပစ္စည်းအတုများ လာရောက်ပေါင်နှံသည့် အမျိုးသမီးအား စစ်မေးရာ ၎င်း၏အမည်ရင်းမှာ မဌေးဝင်း (၃၇)နှစ်၊ (ဘ)ဖြစ်ပြီး ကွမ်းခြံကုန်းရွာဘုရားကုန်း ကျေးရွာအုပ်စု၊ သန်လျင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရသဖြင့် ၎င်းအား မြဝတီမြို့မရဲစ ခန်း၏ (ပ)၄၆၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

“ဆိုင်မှာ အခုလို ရွှေထည်ပစ္စည်းအတုများ လာရောက်ပေါင်နှံထားသူမှာ အထက်ပါ အမျိုးသမီး တစ်ဦးတည်းမ ဟုတ်ပါဘူး။ နောက်ထပ် (၆)ဦးခန့်ရှိပါတယ်။ ကျပ်သိန်း ၁၀၀ ကျော်ခန့် ရွှေထည်ပစ္စည်းအတုများ လိမ်လည် ပေါင်နှံခဲ့တယ်”ဟု ရွှေပြည့်လျှံရွှေဆိုင်ပိုင်ရှင် မရွှေသဇင်က ထပ်လောင်းပြောသည်။  

အဆိုပါ လူလိမ်ဂိုဏ်းအဖွဲ့မှာ သာမန်မှတ်ကျောက်တင် စစ်ဆေးယုံဖြင့် မသိနိုင်အောင် နည်းပညာသုံး၍ ပြုလုပ်ထားသော ရွှေထည်ပစ္စည်းအတုများကို အုပ်စုဖွဲ့၍ ရွှေဆိုင်များနှင့် အခြားနေရာများတွင် လိုက်လံလိမ်လည်ပေါင်နှံ နိုင်သဖြင့် လက်ရှိဖမ်းဆီးရမိထားသော တရားခံအမျိုးသမီးအား သေချာစွာစစ်ဆေး၍ ကွင်းဆက်တရားခံများကိုပါ ထပ်မံဖော်ထုတ် အရေးယူနိုင်ရန် လိုအပ်ကြောင်း မြဝတီရွှေပန်းတိမ် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...