နော်မုနော်အမှု တရားစီရင်ရေး ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် ရှုတ်ချကြောင်း KPSN ထုတ်ပြန်

နော်မုနော်အမှု တရားစီရင်ရေး ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် ရှုတ်ချကြောင်း KPSN ထုတ်ပြန်

ကေအိုင်စီ — ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)တွင် ယခင်လက ဖြစ်ပွားခဲ့သည့် နော်မုနော်ကို စစ်သားနှစ်ဦးက ပစ်သတ်ခဲ့ခြင်းအပေါ် စစ်ဘက်ဆိုင်ရာ တရားစီရင်ခဲ့မှုတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အပြင်းအထန်ရှုတ်ချကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)က သြဂုတ် ၁၁ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ပိုလိုထာ့ရွာသူ နော်မုနော်ထံမှ ပစ္စည်း လုယူကာ ပစ်သတ်မှု ကျူးလွန်ခဲ့သူ တပ်မတော်သားနှစ်ဦးကို ဇူလိုင် ၂၉ရက်နေ့က စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၃၁ရက် ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းသည့်အပေါ် ရှုတ်ချကြောင်း KPSN ကြေညာချက်ပြန်လိုက်ခြင်းဖြစ်သည်။

KPSN ပြောခွင့်ရ စောဟေစိုးက “ ဒီလူသတ်မှုကို စစ်ဘက်ဆိုင်ရာ တရားရုံးမှာပဲ စီရင်လိုက်တယ်လို့ပဲ ပြော တယ်။ ဒါကို ပွင့်လင်းမြင်သာမှုမရှိဘူး။ အဲဒါကြောင့် ပွင့်လင်းမြင်သာမှုရှိရှိကို ကျနော်တို့တောင်းဆိုတယ်။ ဒါကို ပွင့်လင်းမြင်သာစွာ အသေးစိတ်ထုတ်ပြန်တာမရှိတဲ့အပေါ်မှာ  ဒီတရားစီရင်မှုအပေါ် ရှုတ်ချပါတယ်။”ဟု ကေ အိုင်စီသို့ ပြောသည်။

အဆိုပါ အမှုသည် တာဝန်ချိန်ပြင်ပတွင် ရောက်ရှိနေသော စစ်သားများက အရပ်သားတစ်ဦးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ဖြစ်သည့်အတွက် အမှုကို စစ်ဘက်ဆိုင်ရာ ခုံရုံးတွင် စီရင်ရမည်မဟုတ်ဘဲ အရပ်ဘက် တရားရုံးတွင်သာ စီရင်ရမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က ၎င်းတို့တွင် တရားစီရင်ခွင့်ရှိသည်ဟု ဆိုခြင်းမှာ အချက်အလက်များကို အများပြည်သူ မသိရှိစေရန်အတွက် ထိန်းသိမ်းရန်နှင့် မူတြော်နှင့် ကရင်ပြည်နယ်ရှိ အခြားခရိုင်များတွင် ဖြစ်ပွားခဲ့သော အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကဲ့သို့ပင် ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်သည်မှာ ထင်ရှားသည်ဟု KPSN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဒီအမှုက စစ်ဘက်ဆိုင်ရာ ပြစ်မှုမဟုတ်ဘူး။ အရပ်သားပြည်သူကို သတ်ဖြတ်တဲ့တဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် အမှုကို အရပ်ဘက်တရားရုံးကို ပွင့်လင်းမြင်သာစွာ လွဲပြောင်းရမယ်။ အဲလို လွဲပြောင်းမှသာ ခံရတဲ့ ပြည်သူလူထုအတွက် တရားမျှတမှုရှိမယ်”ဟု စောဟေစိုးက ဆက်ပြောသည်။

ထို့အပြင် နော်မုနော် ပစ်သတ်ခံရသည့်အမှုသည် ယခုနှစ်အတွင်း မူတြော်ခရိုင်တွင် ကျူးလွန်ခဲ့သော မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှု အများအပြားမှ နောက်ဆုံးတစ်ခုသာဖြစ်ပြီး အားလုံးမှာ ကျူးလွန်ခံရသူအား အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်စေခဲ့သည်ဟုလည်း KPSNက ဆိုသည်။

နော်မုနော် အသတ်ခံရမှုအပေါ် ဇူလိုင်လ ကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတို့တွင် မူတြော် (ဖာပွန်)နှင့် ကလယ် လွီထူ(ညောင်လေးပင်ခရိုင်)အတွင်းရှိ ဒေသခံထောင်ချီက တရားမျှတမှုရရှိရေးနှင့် ဒေသတွင်းရှိ တပ်မတော် စခန်းများ ရုပ်သိမ်းပေးရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ပြည်သူများ၏ တောင်းဆိုချက်ဖြစ်သော နော်မုနော်အတွက် တရားမျှတမှုနှင့် မြန်မာစစ်တပ်များ မူတြော် တွင်သာမက နိုင်ငံအနှံ့အပြားရှိ ပဋိပက္ခနယ်မြေများမှ ရုပ်သိမ်းရန်နှင့် စစ်စခန်းများပိတ်သိမ်းရန်တို့ကို ထောက်ခံသလို တပ်မတော်နှင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်း အပါအဝင် မြန်မာနိုင်ငံအပေါ်သံတမန်နှင့် စီးပွားရေး ဖိအားများပေးခြင်းဖြင့် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ၎င်းတို့တောင်းဆိုချက်များကို ထောက်ခံရန် KPSN က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...