ကရင်ပြည်နယ်တွင် မဲစာရင်းအချက်အလက် ပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ကျော် ကော်မရှင်ထံ တင်ပြထား

ကရင်ပြည်နယ်တွင် မဲစာရင်းအချက်အလက် ပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ကျော် ကော်မရှင်ထံ တင်ပြထား

စောမြတ်ဦးသာ — နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အနေဖြင့် ပထမဦးဆုံးအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းများတွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ကျော် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ တင်ပြထားသည်ဟု သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၈ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ထုတ်ပြန်ကြေညာထားပြီး မဲစာရင်းတွင် အမည်မပါရှိသူများ၊ အမည်နာမ်မမှားယွင်းမှုများနှင့် သတ်မှတ်ချက်အရ အမည်မပါသင့်သူများ ပါဝင်နေ သည့်အတွက် မြို့နယ် ၇ ခုမှ အချက်အလက် ၁၇,၅၁၁ ခု ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည်ဟု ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်နိုင်က  သြဂုတ်လ ၈ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

“အမည်မပါတဲ့သူတွေ ပုံစံ ၃ နဲ့ ၇,၉၃ဝ ဦး၊ မဲစာရင်းမှာ အမည်မပါသင့်သူတွေ ပုံစံ ၄ နဲ့ ၂,၃၄၅ ဦး မဲစာရင်းအချက်အလက် ပြင်ဆင်လာမှု ပုံစံ ၄(ဂ) နဲ့ ၇၂၃၆ ဦးတင်ပြလာတယ်။ လူသာပြောင်းသွားတယ်၊ အိမ်ထောင်စုဇယားမပြောင်းတဲ့အခါကျတော့ လူဦးရေစာရင်းတွေက အမှားအယွင်းတွေဖြစ်တယ်။ အတတ်နိုင်ဆုံး မှန်ကန်အောင်တော့ ပြည်သူလူထုကရော မီဒီယာတွေကရော လူထုတွေ မဲစာရင်းကြည့်ဖို့ ပြောပေးဖို့လိုတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

ပထမအကြိမ် ထုတ်ပြန်သည့် ဆန္ဒမဲစာရင်းကို သြဂုတ်လ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့်လိုက်ပြီး မဲစာရင်းလာကြည့်သူ ၁ သိန်း ၆ဝ,ဝဝဝ ကျော်ရှိကာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁ သိန်းဝန်းကျင် ပထမဆုံးအကြိမ် ဆန္ဒမဲ ထည့်ခွင့်ရမည်ဟု ကော်မရှင်တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဝင်းရော်ဒေသမှ စောမြဝင်းက “ တစ်ချို့သေပြီးသာလူတွေ နာမည်ပါလာတာရှိတယ်။ မှတ်ပုံ တင်မပါတာရော အမည်လွှဲမှားနေတာတွေရော ရှိတယ်။ ဒီနှစ်က မဲစာရင်းအချက်လက်မှားယွင်မှုပိုများတယ်”  ဟု ကေအိုင်စီ သို့ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပထမအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် မဲစာရင်းလွဲမှားမှုများ ရှိနေသည့်အပြင် မဲစာရင်းကျန်ရှိမှုများပြားသည့်အတွက် ဒုတိယကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် မှားယွင်းမှုမရှိစေရန် စီမံဆောင် ရွက်ရန် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က သြဂုတ်လ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ တိုက်တွန်းထားသည်။

ကရင်ပြည်အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် အချို့ကျေးရွာအုပ်စုများတွင် လူဦးရေစာရင်းကောက်ယူ၍ မရ သည့်အပြင် ရပ်ကျေးကော်မရှင်အဖွဲ့မဖွဲ့နိုင်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ကျေးရွာအုပ်စုများလည်း ရှိနေပြီး မြို့နယ် ၇ ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးနှင့် မဲရုံပေါင်း ၈၅ဝ ကျော် ဖွင့်သွားမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ထံမှ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...