တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ပြည်နယ်တစ်ခုလုံးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အများဆုံးဖြစ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ပြည်နယ်တစ်ခုလုံးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အများဆုံးဖြစ်

စောမြတ်ဦးသာ — ကရင်ပြည်နယ် ၂ဝ၁၉ -၂ဝ၂ဝ ပညာသင်နှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုအများဆုံးဖြစ်ပြီး ပြည်နယ်၏ အောင်ချက်အကောင်းဆုံးကျောင်းမှာလည်း ၎င်းမြို့နယ်မှာသာဖြစ်သည်ဟု ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနနေရာ ၅ဝ မှ ကျောင်းသား/ကျောင်းသူ ၂ဝ,၆၅၂ ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ ၅,၈၈၆ ဦးထဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်သည် အောင်မြင်မှု ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ပြည်နယ်အနေဖြင့် ယခင်ပညာ သင်နှစ်ထက် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုတိုးလာသည်ဟု ပြည်နယ်ပညာရေးမှူး ဆရာဦးငွေစိုးက ကေအိုင်စီသို့ ပြော သည်။

“ ပြည်နယ်အောင်ချက်အကောင်းဆုံးကျောင်းက ကြာအင်းဆိပ်ကြီးမြို့နယ် အ.ထ.က ကြခတ်ချောင်းဖြစ်တယ်။ ကြာအင်း ဆိပ်ကြီးမြို့နယ်က ပြည်နယ်မှာ အောင်ချက်အများဆုံးပါ။ ဒုတိယက ဖားအံ၊ တတိယက လှိုင်းဘွဲမြို့နယ် ဖြစ်တယ်။ အောင် ချက်တိုးလာအောင် နှစ်စကတည်းက စီမံချက်တွေချပြီး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်” ဟု ပြည်နယ် ပညာရေးမှူး ဦးငွေစိုးက  ယမန်နေ့ (သြဂုတ်လ ၁ဝ ရက်)တွင် ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအများဆုံးကျောင်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြခတ်ချောင်း အ.ထ.က ၆၉.၇၅ % ၊ ကြာအင်းဆိပ်ကြီးမြို့ အ.ထ.က(ခွဲ) ၆၄ %၊ ကြာအင်းဆိပ်ကြီးမြို့ အ.ထ.က ၆၃.၃၂ ဖြင့် အောင်ချက်အများဆုံးကျောင်းအဖြစ် ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

ယခင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအများဆုံးကျောင်းမှာ လှိုင်းဘွဲမြို့နယ် ရွှေဂွန်း အထက်တန်းကျောင်းဖြစ်သည်။ ယခုနှစ်မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှာ ၃၇.၅၁ ရာခိုင်နှုန်းဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှာ ၂ဝ.၂၉ ရာခိုင်နှုန်းဖြင့် အောင်မြင်မှုအနည်းဆုံး ဖြစ်သည်ဟု ပညာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...