တောနော်ရေတံခွန်တွင် ပျောက်ဆုံးနေသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားရုပ်အလောင်း မတွေ့ရှိ သေး

တောနော်ရေတံခွန်တွင် ပျောက်ဆုံးနေသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားရုပ်အလောင်း မတွေ့ရှိ သေး

နေနော် — ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ်မြို့မှ ၇ မိုင်ခန့်အကွာရှိ တောနော် သဘာဝရေတံ ခွန်တွင် ဩဂုတ်လ ၉ ရက်က ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံးမှုမှာ ဩဂုတ်လ ၁၀ ရက်အထိ ၎င်း၏ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သူ မောင်ချစ်ဝင်းထွန်း ၁၉ နှစ်သည် ယောက်ျားလေး သူငယ်ချင်း ၂ ဦး၊ မိန်းကလေးသူငယ်ချင်း ၄ ဦးတို့နှင့်အတူ နေ့လည်ပိုင်းက မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး နံဘေး ကီလိုမီတာ ၁၄၈ နှင့် ၁၄၉ ကြား လမ်းမကြီးအနီးရှိ "တောနော်" ရေတံခွန်တွင် လာရောက်ရေကူးကြရာ၌ မောင် ချစ်ဝင်းထွန်းမှာ ရေတံခွန်ရေကျရာ အောက်ဘက်ရှိ ရေအိုင်တွင် ရေနစ်သွားပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"တောနော်" ရေတံခွန်မှ လုံခြုံရေးတာဝန်ယူထားသူတစ်ဦးက “ဒီကလေးရေနစ်တဲ့နေရာက အပေါ်က ရေတံခွန် ကရေကျတဲ့ အရှိန်အရမ်းများပြီး အောက်မှာဝဲကတော့လိုဖြစ်နေတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာဖြစ်တာကြောင့် အဲဒီနေရာကို မသွားဖို့ကျနော်တို့က ကန့်သတ်နယ်မြေအဖြစ် တားဆီးထားတဲ့နေရာဖြစ်ပါတယ်။ မနေ့ကနဲ့ ဒီနေ့ နေ့လည်ပိုင်းအထိ ရှာဖွေရေးအဖွဲ့တွေ ရှာဖွေရေးများ ပြုလုပ်ခဲ့သော်လည်းအလောင်းကို တွေ့ရှိခြင်း မရှိသေးဘူး”ဟု ပြောသည်။

အဆိုပါ ကျောင်းသား ရေနစ်ပျောက်ဆုံးမှုတွင် ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးစိုးဝေဖြိုးနှင့် တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက လာရောက်ရှာဖွေ ကယ်ဆယ်လျက်ရှိသော်လည်း ရေနစ် ပျောက်ဆုံးသူ၏ ရုပ်အလောင်းအား ယနေ့အထိ ရှာဖွေတွေ့ရှိခြင်းမတွေ့ရသေးကြောင်း သိရသည်။

၎င်းရေနစ်ပျောက်ဆုံးနေသူ မောင်ချစ်ဝင်းထွန်းသည် ကျုံဒိုးရှိ ခြေမြန်တပ်ရင်း ခမရ -၅၄၆ မှ တပ်ကြပ်ကြီးကျော်ခိုင်ဦး၏သားဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...