ရန်ကုန် ကရင်အာဇာနည်နေ့ကျင်းပနိုင်ရေး ငြိမ်းစုစီ တင်ပြမှု သက်ဆိုင်ရာမှ ခွင့်မပြု

ရန်ကုန် ကရင်အာဇာနည်နေ့ကျင်းပနိုင်ရေး ငြိမ်းစုစီ တင်ပြမှု သက်ဆိုင်ရာမှ ခွင့်မပြု

ကေအိုင်စီ — သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အား ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရန်ကုန်မြို့တွင် ကျင်းပနိုင်ရေးအတွက် ငြိမ်းစုစီတင်ပြထားမှုအပေါ် သက်ဆိုင်ရာမှ ခွင့်ပြုချက်မပေးကြောင်း အာဇာနည်နေ့ကျင်းပရေး လှုပ်ရှားသူများထံမှ သိရသည်။

ကရင်အာဇာနည်နေ့ ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတား မြို့နယ်ရဲစခန်းထံ ကရင်လူငယ်တစ်ဦးက ဦးဆောင်ကာ သြဂုတ်လ ၉ ရက်နေ့က စာပေးပို့တင်ပြထားခြင်းဖြစ်သည်။

အာဇာနည်နေ့ ကျင်းပရေးဦးဆောင်သူတစ်ဦးဖြစ်သည့် စသိန်းဇော်မင်းက “ဒီနေ့မနက် ကျနော် ကျောက်တံတားရဲစခန်းမှာ ငြိမ်းစုစီသွားတင်တယ်။ အဲဒီက တာဝန်ရှိသူတွေကတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့တော့ ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော သက်ဆိုင်ရာမှ ခွင့်ပြုချက်မပေးသေးသည့် ရန်ကုန်ကရင်အာဇာနည်နေ့ကျင်းပနိုင်ရေးဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သလို အဆိုပါကိစ္စအတွက် သြဂုတ် ၁၀ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်တစ်ခုအဖြစ်သတ်မှတ်ထားသည့် ကရင်အာဇာနည်နေ့ကို ပြီးခဲ့သည့်နှစ်က ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိနေရာအချို့တွင် ကျင်းပခဲ့ကြရာ အာဇာနည်ဟူသည့် စကားရပ်အား အသုံးမပြုရန် နှောင့်ယှက်ဟန့်တားမှုများနှင့်ကြုံတွေ့ခဲ့ရသလို ဦးဆောင်သူအချို့ တရားစွဲဆိုခံရ မှုဖြစ်စဉ်များ လည်းဖြစ်ပေါ်ခဲ့သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...