ရေကြီးမှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုဖြစ်

ရေကြီးမှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုဖြစ်

စဖန်းရှောင်း — ဧရာဝတီတိုင်းဒေသကြီး နေရာအချို့တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားသည့် မိုးရွာရေကြီးမှုများကြောင့် ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာအုပ်စုအတွင်းစိုက်ပျိုးထားသည့် ကွမ်းခြံအများအပြား ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေရသည်ဟု သိရသည်။

သြဂုတ်လ လဆန်းပိုင်းမှ စတင်ကာ အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၅ ရွာထက်မနည်းတွင် ၎င်း အခြေအနေများနှင့်ကြုံတွေ့နေရပြီး စိုက်ပျိုးထားသည့် ကွမ်းခြံအရေအတွက် ထက်ဝက်ကျော်ခန့်မှာ လတ်တလောတွင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နေသည်ဟုလည်း ကွမ်းစိုက်တောင်သူများက ပြောသည်။

တောကျောင်းရွာမှ မန်းမြအောင်က “ အခုကတော့ ရေကတရှိန်ထိုးတက်တဲ့အနေအထားဆိုတော့ တပြိုင်နက်တည်း မြုပ်တာပေါ့။ မြေပြန့်မှာစိုက်တဲ့ အုပ်ခြံ (ဒေသအခေါ်)ကတော့ ဘာမှမရှိတော့ဘူး။ မြေဖို့ပြီးစိုက်တဲ့ ဖို့ခုံ(ဒေသအခေါ်)ကတော့ အနည်းအပါးပဲကျန်တယ်။ တောကျောင်း အုပ်စုက အကုန်လုံးနီး ပါးထိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကွမ်းခြံအရေအတွက် ၇၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နေသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည့်ကျေးရွာများမှာ တောကျောင်း အပါအဝင် ကျောင်းတော်လေး၊ နံကပ်ရိုး၊ အောင်ဗောဓိ၊ ပျဉ်တုံး ကလေး၊ ပေါက်ချောင်း၊ နံကပ်၊ ဝါလာတော၊ ထိန်ကုန်း၊ အရှေ့မုရင်းတုံး၊ အနောက်မုရင်းတုံး၊ တောကျောင်းအထက်ကွင်း၊ ကျွန်းတိတ်စသည့် ကျေးရွာများပါဝင်သည်ဟု သိရသည်။

ထို့အပြင် နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် ရေကြီးနစ်မြုပ်မှုများကြောင့်ဖြစ်ပေါ်သည့် ကွမ်းခြံပျက်စီးဆုံးရှုံးမှု အခြေအနေထက် ယခုနှစ် ပိုမိုဆိုးရွားနိုင်ကြောင်းနှင့် စိုက်ပျိုးမှုအနည်းအများပေါ်မူတည်ကာ ဆုံးရှုံးနစ်နာမှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်းလည်း ကွမ်းစိုက်တောင်သူများက သုံးသပ်ပြောဆို ကြသည်။

ဈေးကွက်နှင့် ဒေသမြေနေရာအနေအထားများအရ ပန်းတနော်မြို့နယ်အတွင်းရှိ နေရာအများစုတွင် ကွမ်းတစ်ခုတည်းကိုသာ အဓိကအားထားကာ အနည်းဆုံးကွမ်းတိုင်အရေအတွက် ၈ ထောင်ဆန့်သည့်ခြံများမှ အများဆုံး ၃ သောင်းခြံများအထိ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြခြင်းဖြစ်သည်။

ကျေးရွာပေါင်း ၁၈ ရွာခန့်ရှိသည့် အဆိုပါတောကျောင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများအနေဖြင့် ဈေးကွက်နှင့် မြေနေရာအနေအထားများအရ အခြားသီးနှံများထက် ကွမ်းရွက်စိုက်ပျိုးခြင်းကို အဓိက အသက်မွေးဝမ်းကျောင်းစိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် အစဉ်အဆက်စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...