မြဝတီမြို့တွင် နိုင်ငံခြားသားများ တရားမဝင် သွားလာမှုရှိမရှိ စစ်ဆေးမှုများပြုလုပ်

မြဝတီမြို့တွင် နိုင်ငံခြားသားများ တရားမဝင် သွားလာမှုရှိမရှိ စစ်ဆေးမှုများပြုလုပ်

နေနော် - ကရင်ပြည်နယ် မြဝတီမြို့တွင် တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့၊ တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ တို့ပူး ပေါင်းပြီး မြို့အဝင်နေရာများနှင့် လမ်းမကြီးများ ပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအား သြဂုတ် ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆေးရေးအဖွဲ့တွင် ဦးဆောင်သူ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံက “အဓိက စစ်ဆေးဆောင်ရွက်တာကတော့ မြဝတီမြို့ထဲမှာ တရုတ်နိုင်ငံသား များအပါအဝင် အခြားနိုင်ငံခြားသားများ တရား မဝင် ဝင်ထွက်သွားလာမှု ရှိမရှိ အခြေအနေနှင့် မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ လက်နက်သယ်ဆောင်မှု တွေမဖြေစ်ပေါ်စေဖို့ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်တာပါ”ဟု ပြောသည်။  

၎င်းအပြင် မြဝတီမြို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်၍ နိုင်ငံနယ်ခြား သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ စက်လှေဂိတ်များမှတဆင့်  အထောက်အထားမဲ့ တရုတ်နိုင်ငံသားနှင့် နိုင်ငံခြားသားများ ခိုးဝင်မှုများ ရှိလာနိုင်သည့်အတွက် တွေ့ရှိပါက ဥပဒေအရ အရေးယူနိုင်ရန် ယခုလို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်းလည်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံက ဆက်ပြောသည်။

   

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတယရဲမှူးကြီးပြည့်စုံနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းရုံးမှ ဗိုလ်ကြီးအောင်ကျော်မြင့်နှင့် တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြဝတီယာဉ်ထိန်းတပ်ဖွဲ့စု (၇၃)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းပါဝင်ပြီး မြို့တွင်း ဝင်ပေါက် လမ်းကြောင်း ၃ နေရာတွင် စစ်ဆေးခဲ့ကြခြင်းနှင့် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...