ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့် သက်တမ်းတိုးပေးမည်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့် သက်တမ်းတိုးပေးမည်

စအိုင်ဆူး - ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို နေထိုင်ခွင့် သက်တမ်းတိုးပေးသွားရန် သြဂုတ်လ ၄ရက်က ပြုလုပ်ပြီးစီးသွားသည့် ထိုင်းအစိုးရ ဝန်ကြီးများ အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ကပ်ရောဂါကြောင့်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသူများကို အရေးပေါ်ကာလအတွင်း နားလည်မှုဖြင့် ဇူလိုင်လကုန်အထိ နေထိုင်ခွင့်ပြုထားရာမှ လက်ရှိတွင် အောက်တိုဘာ ကုန်အထိ ယာယီနေထိုင်ခွင့် ထပ်တိုးပေးသွားမည်ဖြစ်သလို သက်တမ်းကုန်ဆုံးသွားသည့် စာရွက်စာတမ်းများကို ပြန် လည်သက်တမ်းတိုးခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

၎င်းက “ထိုင်းနိုင်ငံရောက်နေတဲ့ အုပ်စုသုံးစုပေါ့။ MOU စနစ်နဲ့ ရောက်ရှိလာတဲ့ အုပ်စုတစ်စုရယ်၊ CI တို့ PJ တို့ စာ အုပ်ကိုင်ပြီး နေထိုင်အလုပ်လုပ်နေတဲ့ သူတွေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အပိုဒ် (၆၄) ဖြစ်တဲ့ နယ်စပ် ဖြတ် ကျော် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်တဲ့သူတွေကို လာမယ့် ၂၀၂၂၊ မတ်လ ၂၁ရက်နေ့အထိ သက်တမ်း တိုးမြင့်ပေးဖို့ သဘောတူဆုံးဖြတ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အလုပ်သမား အုပ်စု ၃မျိုးအနေဖြင့် အရေးပေါ်ကာလ နေထိုင်ခွင့် သက်တမ်းထပ်မံရရှိထားသည့် သြ ဂုတ်လမှစ၍ အောက်တိုဘာလအတွင်း အလုပ်ရှင်များအနေဖြင့် ခရိုင်အသီးသီးရှိ အလုပ်သမားရုံးများတွင် လျှောက်လွှာတင် တောင်းဆိုပြီး အပြီးသတ်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဦးမိုးကြိုးက ဆက်ပြော သည်။

ထိုသို့ သက်တမ်းတိုးပြီးသွားသည့် အလုပ်သမားများအနေဖြင့် လာမည့် နိုဝင်ဘာလ ၁ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ် မတ်လ ၂၁ရက်နေ့အထိ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိသွားမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

သက်တမ်းတိုးရမည့် ကုန်ကျစရိတ်များကိုမူ အလုပ်ရှင်များသိစေရန် အသေးစိတ်ကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ဆက်လက်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...