ဧရာဝတီတိုင်း ကရင်အာဇာနည်နေ့အား အခမ်းအနားဖြင့် မကျင်းပနိုင်

ဧရာဝတီတိုင်း ကရင်အာဇာနည်နေ့အား အခမ်းအနားဖြင့် မကျင်းပနိုင်

ကရင်ခေါင်းဆောင် စောဘဦးကြီး၏ မွေးရပ်ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင် ကျင်းပရန်စီစဉ်ထားသည့် ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် ကရင်အမျိုးသားအာဇာနည်နေ့အား ယခင်ကျင်းပနေကျ အခမ်းအနားပုံစံဖြင့် ကျင်းပသွားနိုင်တော့မည် မဟုတ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ပိတ်ပင်တားဆီးမှုအချို့ရှိသည့်ကြားမှ ယခင်နှစ်များက ပြုလုပ်ခဲ့ကြသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကျင်းပမှုများမှာ လက်ရှိမြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းလုံး ဖြစ်ပွားနေသည့် COVID-19 ဂယက်ကြောင့် အခမ်းအနားနှင့်တကွ မကျင်းပနိုင်တော့ခြင်းလည်း ဖြစ်သည်။

“ဒီနှစ်က လူစုလူဝေးနဲ့ သွားလို့မရတဲ့အခြေအနေမှာတော့ အခမ်းအနားပုံစံမျိုးသွားဖို့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီနေ့မှာ ခေါင်းဆောင်ကြီးတွေကို လာရောက်ဂါရဝပြုချင်တဲ့ ဘယ်သူမဆို၊ ဘယ်ကရင်လူမျိုးမဆို လာလို့ရ တယ်။ ကျနော်တို့ဘက်ကတော့ ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့အညီ လုပ်ပေးရမယ့်ဟာတွေ ကြီးကြပ်ပေး ရမှာတွေကိုတော့ လုပ်ပေးထားပါမယ်။ အခုကတော့ ကိုယ်ရောက်လာတဲ့အချိန်က ကိုယ့်အချိန်ပဲ၊ အချိန်သတ် မှတ်ချက်မရှိပါဘူး” ဟု အစီအစဉ်အတွက် ကူညီလုပ်ဆောင်ပေးသူတစ်ဦးက ပြောသည်။

ပုံစံတစ်မျိုးဖြင့် ပြောင်းလဲကျင်းပကြမည့် ဧရာဝတီတိုင်းဒေသကြီး ကရင်အာဇာနည်နေ့ကို ကျင်းပနေကျ အခမ်းအနား အစီအစဉ်များဖြစ်သည့် လူစုလူဝေးဖြင့်ပြုလုပ်သည့် ဟောပြောပွဲအစီအစဉ်များ၊ အောက်မေ့ဖွယ်ဝတ်ပြု ဆုတောင်းခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပမည်မဟုတ်တော့ဘဲ မိမိတို့အစီအစဉ်ဖြင့်သာ လွတ်လပ်စွာ လာရောက် ဂါရဝပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အခမ်းအနားဖြင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်ကရင်အမျိုးသား အာဇာနည်နေ့အား ကျန်းမာရေး ဆိုင် ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဘဲဂရက်ကျေးရွာရှိ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ အမှတ်တရကျောက်တိုင်တွင် မည်သူမဆို လာရောက်ဂါရဝပြုနိုင်ကြောင်းလည်း  စီစဉ်သူများ ဖိတ်ခေါ်သည်။

ထို့အပြင် ယခုနှစ် ကရင်အာဇာနည်နေ့တွင် လာရောက်ဂါရဝပြုမည့်သူများအတွက် အစားအသောက်၊ လက်ဆေးမည့်နေရာ၊ အပူချိန်တိုင်းတာမှု၊ နှာခေါင်းစည်းတပ်ဆင်မှုစသည့် ကျန်းမာရေးဆိုင်ရာသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားကြောင်းလည်း သိရသည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများအတွင်း ကရင်အာဇာနည်နေ့ကျင်းပမှုများနှင့်ပတ်သက်၍ ယခင်က အာ ဇာနည်အသုံးအနှုန်းအားအသုံးမပြုရန် တားမြစ်မှုများရှိခဲ့သည့်အပြင် အခမ်းအနားဦးဆောင်စီစဉ်သူအချို့ကိုပါ အရေးယူမှုနှင့်အရေးယူရန် စီစဉ်မှုများအထိ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အာ ဏာပိုင်များဘက်မှ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်းလည်း စီစဉ်သူများထံမှသိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...