လုံခြုံအေးချမ်းရန် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးမည်ဟု ဝန်ကြီးချုပ်ပြော

လုံခြုံအေးချမ်းရန် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးမည်ဟု ဝန်ကြီးချုပ်ပြော

စောရှား — အရပ်သားပြည်သူတို့ဘဝ လုံခြုံအေးချမ်းရန် တရားဥပဒေစိုးမိုးပြီး တရားမျှတမှုရှိအောင်ကိုင်တွယ် ဆောင်ရွက်ပေးမည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ပြောသည်။

ဇူလိုင် ၃၀ ရက်တွင် ဖားအံမြို့၊ အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့ အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ကေအိုင်စီက မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ယခုလို ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

မူတြော်(ဖာပွန်)ခရိုင်မှ နော်မုနော်ကို မြန်မာတပ်မတော် တပ်သားနှစ်ဦးမှ လက်ဝတ်ရတနာများကို ချွတ်ယူ ပစ်သတ်ခဲ့မှုအပါအဝင် ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် ပြည်သူလူထုတို့ စိုးရမ်ကြောင့်ကြမှုများဖြစ်ပေါ်နေခြင်းအပေါ် ဝန်ကြီးချုပ်က ယခုလိုပြောသည်။

“ဒီလိုမျိုးကိစ္စတွေက ရှိတတ်ပါတယ်။ တပ်မတော်ဖက်က အမှားအယွင်းရှိသလိုပဲ ငြိမ်းချမ်းရေးအဖွဲ့အ စည်းတွေမှာလည်း အမှားအယွင်းအများကြီး ရှိပါတယ်။ အဲဒီနှစ်ဖက်လုံးကို တရားမျှတအောင်လို့ ကျမ တို့ တရားဥပဒေစိုးမိုးရေး၊ တရားနည်းလမ်းကျကျပဲ ကိုင်တွယ်ဖို့တော့ရှိပါတယ်။ ကိုင်တွယ်နိုင်အောင် လည်း ကျမတို့ ကြိုးစားပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒီမိုကရေစီအကူးအပြောင်းကာလ၌ တရားဥပဒေစိုးမိုးရေးအတွက် မီဒီယာများအနေဖြင့် သတင်းရေးသားတင်ဆက်သည့်အခါတွင်လည်း ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ရပ်တည်ပြီး ဝိုင်းဝန်း ကူညီပံ့ပိုးပေးစေချင်လိုကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်အစိုးရအဖွဲ့အပြင် ဌာနဆိုင်ရာမှ တာဝန်ရှိသူအသီးသီးတို့ တက် ရောက်ခဲ့သလို ပြည်နယ်တွင်းအခြေစိုက် သတင်းမီဒီယာသမားများမှလည်း တရားဥပဒေစိုးမိုး ရေး၊ ငြိမ်းချမ်းရေး၊ Covid ရောဂါကိစ္စရပ်များကို မေးမြန်းခဲ့ကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...