လူစုလူဝေး ပွဲလမ်းသဘင်များ ပြည်နယ်အစိုးရက သမ္မတရုံး ထုတ်ပြန်သည့်အတိုင်း ကျင်းပခွင့်မပြု

လူစုလူဝေး ပွဲလမ်းသဘင်များ ပြည်နယ်အစိုးရက သမ္မတရုံး ထုတ်ပြန်သည့်အတိုင်း ကျင်းပခွင့်မပြု

ကရင်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ နှင့် မြန်မာရိုးရာသင်္ကြန်ပွဲတော်များကို မတ်လ ၁၃ရက် ရက်စွဲဖြင့် ထွက်ပေါ်လာသည့် နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုများအတိုင်း ကျင်းပခွင့်ပြုသွားမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က” ပြည်နယ်အနေနဲ့ ကတော့ ဒီကနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ကေအိုင်စီသို့ပြောဆိုသည်။

ထို့အပြင် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးများနည်းတူ ကရင်ပြည်နယ်အတွင်း သင်္ကြန်ရက်ကာလများတွင် တရားစခန်းဝင်ခြင်း၊ ဥပုဒ်သီလဆောက်တည်ခြင်းများရှိသည့်အတွက် အဆိုပါကိစ္စများကို သက်ဆိုင်သည့် သာသ နာရေးဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများဖြင့် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆက်ပြောသည်။

လျင်မြန်စွာ ကူးစက်နိုင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID -19) နှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသောအခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ မြန်မာ့ရိုး ရာသင်္ကြန်ပွဲတော်များကို ယနေ့မှစ၍ ဧပြီလ ၃၀ရက်အထိ ရပ်ဆိုင်းထားရေး နိုင်ငံတော်သမ္မတရုံးက ယနေ့ ပန်ကြား ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ လူစုလူဝေးဖြင့် ကျင်းပသော ပွဲလမ်းသဘင်/များကို ခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးအတွက် သက်ဆိုင်ရာဌာန များအား ညွန်ကြားထားပြီးဖြစ်သည့်အပြင် လိုအပ်ပါက ၎င်းရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း လည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID -19) ကို ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရော ဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ်လ ၁၁ရက်၊ ၂၀၂၀ခုနှစ်၊ မြန်မာစံတော်ချိန် ည ၁၁နာရီ ၁၃မိနစ်တွင် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...