အခွန်အမှတ်တံဆိပ်ကပ်ထားခြင်းမရှိဘဲ ရောင်းချနေသောဆိုင်များကို ဒဏ်ငွေပေးဆောင်စေပြီး ယင်းဒဏ်ငွေ၏ ၁၀ရာခိုင်နှုန်းကိုတိုင်ကြားသူထံပေးအပ်မည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။
ယခုနှစ်အတွင်းမော်လမြိုင်မြို့နယ်ရှိ စားသောက်ဆိုင်ကြီးနှစ်ဆိုင်သည် အခွန်အမှတ်တံဆိပ်မကပ်ဘဲ ရောင်းချခြင်းကြောင့် ငွေကျပ်နှစ်သိန်း ကိုဒဏ်ရိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ငွေကျပ်နှစ်သိန်းဒဏ်အရိုက်ခံရသော စားသောက်ဆိုင်များသည် ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ငွေကျပ်ငါးသိန်းဒဏ်ငွေဆောင်ရ မည်ဖြစ်ပြီး တတိယအကြိမ် ထပ်မံကျူးလွန်ပါကငွေကျပ် ၁၀ သိန်းဒဏ်ငွေဆောင်ရမည်ဟု ဦးဝင်းခိုင်ကပြောသည်။
အခွန်အမှတ်တံဆိပ် မကပ်ထားသောစားသောက်ဆိုင်များကို ဆက်လက်ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သိန်း ၂၀၀ အထက်ရောင်းအားရှိသော စားသောက်ဆိုင်ကြီးများသာလျှင် ငွေလက်ငင်းဖြတ်ပိုင်းပေါ်၌ အခွန် အမှတ်တံဆိပ်များကပ်ပေး ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် မော်လမြိုင်မြို့နယ်ရှိ စားသောက်ဆိုင်ကြီးများကို ငွေလက်ငင်းဖြတ်ပိုင်းပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်ရန်အတွက် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
အခွန်အမှတ်တံဆိပ်များသည် စားသောက်ဆိုင်များ၏ ရောင်းရငွေငါးရာခိုင်နှုန်းကို လာရောက်စားသုံးသောပြည်သူများက ပေးဆောင်ရခြင်းဖြစ်သဖြင့် ဆိုင်ပိုင်ရှင်များကလည်း ၎င်းတံဆိပ်များကိုကပ်ပေးခြင်းကြောင့် အခွန်ဆောင်ရာတွင် သက်သာမှု ရှိစေမှာဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။



