ရုပ်မြင်သံကြားလိုင်းတွေ ဆင်ဆာခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီ ပြော

ရုပ်မြင်သံကြားလိုင်းတွေ ဆင်ဆာခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီ ပြော

ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်ပြသမယ့် ပြည်တွင်းပြည်ပ ဇာတ်ကား၊ဇာတ်လမ်းတွဲအတွက် ဗီဒီယိုဆင်ဆာခွင့်ပြုချက် ရယူရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲတင့်က ရုပ်သံကုမ္ပဏီတွေကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံလွှင့်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆင်ဆာကိစ္စ တွေ့ဆုံညှိနှိုင်းချိန်မှာ စစ်ကောင်စီဘက်က အခုလို ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ဒုဝန်ကြီး ဦးရဲတင့်ကတော့ ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်လမ်းနဲ့ ပါဝင်တဲ့ စကားပြောတွေ၊ဇာတ်လမ်းတွဲတွေဟာ လက်ရှိအခြေ အနေအရ မပြသင့်တာတွေပါနေတဲ့အတွက် ဆင်ဆာခွင့်ပြုချက်တင်ရမယ်လို့ ပြောပါတယ်။

ရုပ်မြင်သံကြားလိုင်းတွေကို အခုလို လုပ်ဆောင်တာဟာ အာဏာပြချင်လို့ လုပ်တာဖြစ်တယ်လို့ ဝါရင့်အနုပညာလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာကားတွေ လူကြည့်တာ နည်းပါးနေသလို လူစိတ်ဝင်စားမှုလည်း မရှိတော့ တဲ့အတွက် နိုင်ငံခြားစာတန်းထိုးဇာတ်ကားတွေကို သူတို့ဆီကို ဆင်ဆာတင်ခိုင်းတာဟာ စစ်ကောင်စီက သူတို့အာဏာကို ပြသတာဖြစ်သလို သူတို့ရဲ့ လုပ်ရပ်တွေက ဟာသလို ဖြစ်နေပေ မယ့် ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ချင်တိုင်း လုပ်နေတဲ့ ပုံစံဖြစ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ မဆလ ခေတ် ကိုပြန်သွားနေတဲ့ လုပ်ရပ်တွေလုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ကလည်း ဆိုပါတယ်။

အရင်က ပြည်တွင်းပြည်ပ ဇာတ်လမ်းတွဲတွေနဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို မြန်မာစာတန်း ထိုး၊ မြန်မာစကားပြော အသံထပ်ပြသတာကို ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ ပြသနေကြ တာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကဏ္ဍပေါင်းစုံကို ဖိနှိပ်မှုတွေလုပ်ဆောင်နေသ လို စာပေထုတ်ဝေခွင့်ပိတ်သိမ်းခံရတာ၊ သတင်းမီဒီယာလိုင်စင်တွေ ပိတ်သိမ်းမှုတွေနဲ့ ဆင်ဆာ တင်းကြပ်တာတွေကို ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။

June 4, 2026
In Pwintbyu Township, Magway Region, members of the junta-aligned Pyusawhti militia killed...
June 2, 2026
Desertions among junta-aligned militia members in Bilin Township, Mon State, have increased...
May 29, 2026
Although junta-affiliated organizations are carrying out extrajudicial abductions for...
May 27, 2026
More than 200 young men in Mon State have been drafted under the junta’s Batch 25 conscription,...