ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးကို KNPP ဖမ်းမိ

ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးကို KNPP ဖမ်းမိ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါညေးခူနဲ့ ဘောလခဲ ကြားတစ်နေရာမှာ ဒေါတမငယ်ရပ်ကွက်နေ အမျိုးသားတစ်ဦးဆီကနေ မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ ယာဘ ဆေးပြား အလုံးပေါင်း တစ်သိန်းငါးသောင်း ကျော် ဖမ်းဆီးမိခဲ့ပြီး ကျပ်တန်ဖိုး သိန်းတစ်ထောင်ကျော် ရှိတယ်လို့ KNPP  အမှတ်(၁)ခရိုင်မှူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ အရင်က ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာက ဖမ်းမိတာတော့ ရှိတယ်။ အနည်းအကျဥ်းပေါ့။ ဥပမာ တစ်ယောက်ကို အလုံးပေါင်း တစ်ထောင်လာ၊ နှစ်ထောင်လာ အဲ့လောက်ပဲရှိတယ်။ အခုက သိန်းဂဏန်း နဲ့ မိတာဆို ကျနော့်အနေနဲ့ကတော့ အခုတစ်ခါပဲ မိဖူးတာပေါ့လေ။ အရင်ကဆို ရာဂဏန်း၊ ထောင်ဂဏန်းပဲရှိတာပေါ့ အခုက သိန်းကျော်တယ်ဆိုတော့ နည်းနည်းများတယ် ပြောရမှာပေါ့နော။ “

ဆေးပြားကို ဘီယာဖာနဲ့ သယ်ဆောင်လာတာဖြစ်ပြီး စစ်ကောင်စီထုတ်တဲ့ ထုတ်ကုန်တွေကို  မသယ်ဖို့၊ မရောင်းဝယ်ဖို့ စစ်ဆေးရာမှာ တွေ့ရှိ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်သူမှာ အရင်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင် (၁၁)နှစ် ကျခဲ့ဖူးသူဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်တာတွေ ကိုလည်း ဆက်လက် ဖမ်းဆီးတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ KNPP  အမှတ်(၁)ခရိုင်မှူး က ဆိုပါတယ်။

“ ကယားပြည်နယ် လူထုတွေကို ဖျက်စီးရာ ကျတယ်ပေါ့။ နောက်ထပ် ကျနော်တို့တွေ့ရင်လည်း ဒီဟာတွေ့ရင်လည်း ကျနော်တို့ဖမ်းမှာပဲ ပြုမှာပဲ စစ်မှာပဲ။ကယားပြည်နယ်အတွက်ကတော့ ဒီကလေးတွေ အတွက် မသုံးမိအောင် မစွဲလမ်းမိအောင် ကျနော်တို့ ဒီဟာကတော့ အမြဲတမ်းထိန်းသိမ်းသွားမှာပဲ တွေ့ရင်တော့ ဖမ်းဆီးမှာပဲ သေချာတာပေါ့နော။ “

မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးမိတာတွေကိုတော့ သက်ဆိုင်ရာ တရားရေးဌာနမှာ အပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

July 2, 2026
In eastern Hpruso Township, Karenni State, a displaced woman was injured by artillery shrapnel...
July 1, 2026
Military council forces carried out an aerial bombing attack on a location within Nanmekhon...
June 26, 2026
Military council forces carried out an aerial bombing attack on a village in Loi Nan Pha...
June 25, 2026
Two young children were killed when military council forces dropped a bomb from a drone onto a...