ကိုဗစ်-၁၉ ကာလ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဘယ်လိုအခက်အခဲ စိန်ခေါ်မှုရှိနေလဲ

ကိုဗစ်-၁၉ ကာလ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဘယ်လိုအခက်အခဲ စိန်ခေါ်မှုရှိနေလဲ
by -
Salai Benezer (KMG)

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကနေ ခွင့်ပြုလိုက်ပြီးနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေးလုန်ငန်းများ အပူတပြင်း လုပ်ဆောင်ကြလျက်ရှိသည်။

သို့သော် မြန်မာနိုင်ငံမှာတွင် ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှု အရှိန်အဟုန်မြင့်တက်လာတဲ့သည့် ဂယက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးလုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံရေး လုပ်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ ကိုဗစ်ကာလနှင့် အပြိုင်ကျင်းပပြုလုပ်မည့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် အမြင်သဘောထားများနှင့်ပတ်သက်၍ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကို ယ်စားလှယ်လောင်းများ၏ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါသည်။

ဒေါက်တာမှုထန် (ဥက္ကဌ) - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ချင်းပြည်နယ်)

“ကိုဗစ်ရှိတော့ ကျနော်တို့ လူ (၅၀) ထက်မနေရ၊ တစ်ယောက်ကို ခြောက်ပေအကွာတို့၊ မတ်စ်တပ်တဲ့ကိစ္စတွေ ကျွန်တော်တို့ သွားတဲ့နေရာတိုင်းမှာလည်း မတ်စ်လည်းပေးရတယ် ထိုင်ခုံကအစ စီစဉ်ရတယ်။ လူက ရာကျော်လာချင်ကြတယ်။ လာခွင့်ရတာ (၅၀) ပဲ (၆) ပေအကွာနေရမယ်ဆိုတော့ အိမ်ထဲမှာလည်း ဘယ်လိုမှမဆံ့ဘူး။ တကယ်လို့ နွေရာသီမှာဖြစ်ရင် လဟာပြင်မှာလုပ်လို့ရမယ်။ အခုကကျနော်တို့ တော်တော်လေးကို ဒုက္ခဖြစ်တယ်။ မိုးရွာတာနဲ့ဆိုတော့ တခါတလေ ကားသွားလို့မရဘူး။ ဆိုင်ကယ်လည်း သိပ်အဆင်မပြေဘူး။ တော်တော်လေး ဒုက္ခရောက်တာ၊ ကျွန်တော်ကတော့ ဘာလဲဆိုရင်တော့ အာဏာလွှဲတာလည်း အရင်တုန်းကတော့ ဧပြီလမှာလွှဲတာကို အခုကလည်း ဗိုင်းရစ်လည်းဖြစ်တော့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင် နွေရာသီမှာလုပ်စေချင်တယ်။ ကျနော်တို့ ဒီဇင်ဘာလ ဇန်နဝါရီလလောက်ထိကို မဲဆွယ်စည်းရုံးရေးကာလလို့ သတ်မှတ်လိုက်ရင် အဆင်ပြေမယ်။ အခုက စက်တင်ဘာဆိုတော့ ချင်းပြည်နယ်မှာက မိုးများတဲ့အချိန် ရွေးကောက်ပွဲကို ပွင့်လင်းရာသီမှာဖြစ်စေချင်တယ်”

ဦးအောင်လျန်း (CNLD ပါတီ - မတူပီမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ေလာင်း)

“ကျွန်တော်တို့ ချင်းပြည်နယ်အနေအထားအတွက်ကတော့ ရက်ပေါင်း (၆၀) လို့ သတ်မှတ်လိုက်တဲ့အချိန်ကအစ မလောက်ဘူး။ ကျွန်တော်တို့ ချင်းပြည်နယ် မတူပီအတွက်တော့ ရွာပေါင်းလည်း (၁၅၀) ကျော်ရှိတယ်။ ချိန်းထားတော့လည်း ပြည်သူတွေက တနင်္ဂနွေနေ့လောက်ပဲ ခေါ်လို့ရတယ်။ တစ်ရွာကို တစ်ရက်အိပ်ရမယ်ဆိုတဲ့ဟာက ရှိသေးတယ်။ ကိုဗစ်ကာလဆိုတော့ လူပေါင်း (၅၀) လောက်ပဲ စုလိုက်မယ်ဆိုရင် တစ်ရွာကို သုံးရက်လောက်အိပ်ရမယ့် သဘောရှိတယ်။ မဲဆွယ်ကာလက အဲဒါကြောင့် အခက်အခဲဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးက သတ်မှတ်ထားတဲ့ (၆) ပေကွာဆိုတဲ့နေရာမှာလည်း ကျနော်တို့ အဆောက်အဦးတွေကလည်း သေးသေးလေးတွေဆိုတော့ အဲလိုမျိုး (၆) ပေကွာလုပ်လိုက်ရင် (၁၀) ယောက် (၁၅) ယောက်လောက်နဲ့ အိမ်ကပြည့်နေပြီ။ အဲလိုမျိုး ကျနော်တို့မှာ အများကြီးအခက်အခဲဖြစ်နေပါတယ်။

မဲဆွယ်စည်းရုံးရေးကို ရက်တိုးပြီးတော့ ရွေးကောက်ပွဲ ဒီဇင်ဘာလလောက်မှာဖြစ်ပြီးတော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးကို ရက်ပေါင်း (၆၀) ပေးထားတာကို ရက်ပေါင်း (၉၀) သတ်မှတ်လိုက်ရင် ကျွန်တော်တို့က ထိထိရောက်ရောက် ပြည်သူတွေနဲ့ တစ်သားထဲဖြစ်သွားအောင် အဲဒါမှ ပြည်သူလူထုကလည်း ဒီကိုယ်စားလှယ်ကြီးကတော့ ပြည်သူနဲ့ တစ်သားထဲဖြစ်တယ်။ ဒီကိုယ်စားလောင်းကတော့  ကျွန်တော်တို့ မြို့နယ်အတွက် အကျိုးပြုမယ်ဆိုပြီးတော့ ရွေးချယ်နိုင်မှာဖြစ်တယ်”

ဦးဂင့်ကမ်းလျန် (ZCD ပါတီ - တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)

“ကျွန်တော်တို့ အခက်အခဲတော့ရှိတယ်။ ဥပမာ - ကျွန်တော်တို့ ရွာတစ်ရွာသွားမယ်ဆိုရင် နားထောင်မယ့်သူက နှစ်ရာ/သုံးရာလောက်ရှိတယ်။ (၅၀) အောက်ပဲဆိုတော့လည်း ကျနော်တို့ရဲ့ ပါတီမဲဆွယ်စည်းရုံးရေးက တစ်ရွာလုံးကမကြားတော့ဘူး။ ပြီးတော့ မသိပဲ မကြားပဲ မဲပေးမယ်ဆိုလည်း သိပ်လက်တွေ့မကျဘူးလေ။ ဒါတော့ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကနေ တစ်နည်းနဲ့ စဉ်းစားဖို့လိုတာပေါ့။ ကော်မရှင်ဆိုတာက အရင်အစိုးရခေတ်ရဲ့ ကော်မရှင်ဆိုတော့ အစိုးရကိုယ်၌ကလည်း စဉ်းစားဖို့လိုတာပေါ့။ ရွေးကောက်ပွဲရက်ကို ရွှေ့မလား။ ဒါမှမဟုတ်လည်း လူဦးရေထပ်တိုးမလားပေါ့။ ကျွန်တော်တို့ တီးတိန် တွန်းဇံမှာတော့ မိုးကြီးတော့ ရွာခြင်းဆက်လမ်းတွေ မြေပြိုနေတော့ ဆိုင်ကယ်တွေတောင် မနည်းသွားနေတော့ အခက်အခဲဖြစ်နေတာ”  

ဦးဝှေ့တင်း (NLD ပါတီ - ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ေလာင်း)

“ကျွန်တော်တို့ အခုကျနော်တို့ မြန်မာနိုင်ငံရဲ့အနေအထား ကိုဗစ်နိုင်တင်းရောဂါကြောင့် ကျွန်တော်တို့ မဲဆွယ်ခဲ့တဲ့ကာလမှာ အခက်အခဲရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ ဝေးလံခေါင်ပါးတဲ့ဒေသမှာ ကျန်းမာရေးအသုံးပြုဆေးဝါးလည်း စုံစုံလင်လင်မရှိတဲ့အတွက် ပိုပြီးတော့ အခက်တွေ့နေတာ မဲဆွယ်ကာလမှာလည်း လူစုလူဝေးမလုပ်ဖို့ ကန့်သတ်ချက်နဲ့ အရေအတွက်တွေ ထုတ်ပြန်ထားတဲ့အတွက်  အခက်အခဲတော့ရှိပါတယ် ဆိုတော့ တစ်ချို့ပါတီတွေကတော့ ရောဂါအခြေအနေဆိုးလာတဲ့အတွက် ဒီဇင်ဘာလထိကို ရွေးကောက်ပွဲရက်ကိုရွှေ့ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို လျာခိုင်းတာတို့တော့ရှိတယ်။ ရွေးကောက်ပွဲကတော့ ဘာပဲဖြစ်ဖြစ် (၅) နှစ်မှတစ်ကြိမ်ဆိုတော့ ဖြစ်စေချင်ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာက ကျနော်တို့ ပလက်ဝဒေသကတော့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း အခု အင်တာနက်ကလည်းပိတ်ထားတော့ ကျနော်တို့အနေနဲ့ မဲဆွယ်စည်းရုံးရေးကတော့ တော်တော်အခက်အခဲဖြစ်ပါတယ်။ ပိတ်ထားတဲ့အင်တာနက်ကိစ္စကိုလည်း ဖွင့်ပေးစေချင်ပါတယ်"

More news from Voter Voices
June 21, 2021
Arakan State which is the western door of Myanmar sees the rising number of Covid-19. All...
January 29, 2021
The Tatmadaw have claimed there are over 8.6 irregularities which could lead to the possible...
January 21, 2021
The first regular session of the third Chin State parliament is scheduled to take place on...
January 19, 2021
Union Parliament Speaker U T Khun Myat issued a statement on January 6th, saying that the first...