ကုလသံတမန် မြန်မာပြည်သို့သွားမည်
သတင်း - မဇ္ဈိမသတင်းဌာန
Written by ဆော်လမွန်   
Friday, 16 May 2008 13:17

နယူးဒေလီ။     ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်မှ အသက်မသေကျန်ရစ်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်နိုင်ရေးအတွက် မြန်မာပြည်ကို အုပ်စိုးနေသောဗိုလ်ချုပ်ကြီးများအား ဖိအားပေးနိုင်မည်လားဟု သိရှိနိုင်ရန် ကုလသမဂ္ဂအ ကူအညီပေးရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦး မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

 
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသူများအတွက် ဈေးသည်များကို အတင်းအဓမ္မအလှူငွေ ထည့်ဝင်ခိုင်းနေ
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Written by Lieng Lern   
Friday, 16 May 2008 13:09
မေလ ၂-၃ ရက်နေ့က ရန်ကုန်၊ ဧ၇ာဝတီ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အတိုက်ခံရပြီး အသက်ရှင်ကျန်ရစ်သူများအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြူနီစပါယ်အရာရှိများက ကုန်သည်များကို အတင်းအဓမ္မ အလှူငွေထည့်ဝင်ခိုင်းနေကြောင်း ယုံကြည်ရသော သတင်းရပ်ကွက်များအဆိုအရ သိရသည်။
 
မြန်မာစစ်အစိုးရမှ ကုလစားနပ်ရိက္ခာ ခေါင်းပုံဖြတ်မှု မရှိနိုင်ဟု ထိုင်းဝန်ကြီးချုပ်ထောက်ခံ
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Thursday, 15 May 2008 23:40

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ပေးနေသည့် နိုင်ငံတကာ အကူအညီပစ္စည်းများကို မြန်မာစစ်တပ်က အဓမ္မသိမ်းယူသည်ဟု ထွက်ပေါ်နေသည့်သတင်းများ မဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် စမက်ဆွန်ထရာဝေခ်ျက ယမန်နေ့ညတွင် ထုတ်ဖေါ်ပြောကြားသည်။

 
ပြည်သူလူထုကို သေတဲ့အထိ အာဏာပိုင်များက အတင်းအဓမ္မအလုပ်လုပ်ခိုင်း
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Written by Lieng Lern   
Thursday, 15 May 2008 23:13

ဒေသခံအာဏာပိုင်များက ရွာသားတွေကို အတင်းအဓမ္မ ဖောင်တခုလုပ်ခိုင်းခဲ့ပြီးနောက် ရွာသား ၃ ဦး ရေနစ်သေဆုံးသွားခဲ့သည်။ အခြားသူများကိုလည်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ် ခေါ် နမ့်မောဝ်း ကမ်းဘေးရှိ ခြုံနွယ်များကို အတင်းအဓမ္မရှင်းလင်းခိုင်းခဲ့ကြောင်း ယုံကြည်ရသော သတင်းများ အရသိရပါသည်။

 
ယာယီကဒ်များ ပြန်အပ်ဘို့ ၀ ကိုပြောဆ
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Thursday, 15 May 2008 23:04

ထိုင်း-မြန်မာနယ်စပ်ဒေသတွင် နေထိုင်ကြသော ၀ လူမျိုးများအား မကြာသေးခင်က ထုတ်ပေးထားသော အဖြူရောင်ကဒ်များကို ပြန်လည်ပေးအပ်ကြရန် မိုင်းတုံမြို့နယ်ရှိ မြန်မာစစ်အစိုးရအာဏာပိုင်များက တောင်းဆို ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်၏အဆိုအရ သိရသည်၊

 
မြန်မာစစ်တပ်နှင့် အက်စ်အက်စ်အေ တောင်ပိုင်း တိုက်ပွဲများဖြစ်ပွား
သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
Written by နွယ်လေး။   
Thursday, 15 May 2008 22:58

ရှမ်းပြည်နယ် အလယ်ပိုင်းရှိ ကွန်ဟိန်းနှင့် မိုင်းကိုင်ဒေသ၌ မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (အက်စ်အက်စ်အေ-အက်စ်)  တို့ မေလအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ထိ ခိုက် ကျဆုံးသူများရှိကြောင်း အက်စ်အက်စ်အေ- တောင်ပိုင်းက ပြောသည်။ 

 

ဆောင်းပါး

တရုတ်နှင့်မြန်မာ အပုံကြီးကွာ

တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်

 
အရိုင်းအစိုင်း နိုင်ငံတော်နှင့် လူသားဆန်မှု ပြဿနာ

စစ်အစိုးရက မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှု မြင့်လှပါသည်ဟု ၀ါကြွားနေသော်လည်း နိုင်ငံတကာ အလယ်တွင် ကြုံရသမျှ မျက်နှာမပြရဲစရာ အခြေအနေချည်း ဖြစ်နေရသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက သံဃာများ ဦးဆောင်သည့် မေတ္တာပို့ လှုပ်ရှားမှု ဖြစ်လာခဲ့သည်။ စစ်အစိုးရက အကြမ်းဖက် တုံ့ပြန်မှုများ ရက်ရက် စက်စက် ကျူးလွန်ခဲ့ပြီး သံဃာများကို သတ်ဖြတ်နေသည်မှာ နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဟိုးလေးတကျော် မြင်မကောင်း ရှုမကောင်း ဖြစ်လာခဲ့ရသည်။ နိုင်ငံခြားသား မိတ်ဆွေ အများအပြားက မေးခွန်းထုတ်ကြသည်။

 
သဘာဝ ကပ်ဘေးဒုက္ခများနှင့် ပဋိပက္ခ အတက်အက

သဘာဝကပ်ဘေးများကို ယခင်က အလွယ်သဘောသာ စဉ်းစားခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် လေ့လာသူများက သဘာဝကပ်ဘေးနှင့် ပဋိပက္ခများ ဆက်စပ်နေပုံ၊ ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများ၌ သဘာဝဘေးဒဏ် ကျရောက်ပါက ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်း တွက်ချက် စဉ်းစားလာကြသည်။ ဤသို့သော အခြေအနေများကို သဘာဝကပ်ဘေး (Natural disaster) ထက်၊ ပြဿနာစုံ အရေးပေါ် အခြေအနေ (Complex emergencies) ဟု ခေါ်ဆို သုံးစွဲလာကြသည်။ ယခု မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းပြီး အခြေအနေကလည်း ဤသို့ "ပြဿနာစုံ အရေးပေါ် အခြေအနေ" သို့ ဆိုက်ရောက် ဖြစ်ပေါ်လာခဲ့ပြီ။ 

 
လူမဆန်သော ဗိုလ်ချုပ်ကြီးများအတွက် ဘေးထွက်ဆိုးကျို

ချင်းမိုင်။    ။ စနေနေ့တွင် တတိုင်းပြည်လုံးက ကန့်ကွက်မဲ ပေးခြင်းဖြင့် စစ်ဗိုလ်ချုပ်များအပေါ် ပူပူနွေးနွေး ဒေါသကို ပြသ ကြပါလိမ့်မည်။  ဖွဲ့စည်းပုံပါ အချက်များကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် စစ်ဗိုလ်ချုပ်များ၏ လူစိတ်ကင်းမဲ့မှုကို ဆက်လက် သည်းမခံနိုင်သောကြောင့် ဖြစ်သည်။ 

 
အခြေခံဥပဒေကို ကန့်ကွက်လိုက်လျှင် တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်ပါလိမ့်မည် (ဆောင်းပါး)

ယခု လတ်တလော ရန်ကုန်မြို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒမဲ ပေးဖို့နဲ့ ပတ်သတ်ပြီးတော့ သဘောထားတွေဟာ ထွေပြားနေပါတယ်။ လက်လှမ်းမီသလောက် လူတွေကို အလွတ်သဘော မေးမြန်းကြည့်တဲ့အခါ မဲရုံကို မသွားမယ့် အရေအတွက်ဟာ အတော့်ကို များပါတယ်။ ပြည်ပ သတင်းဌာနတွေကို နားထောင်တဲ့ လူကလွဲရင် ကျန်တဲ့လူတွေဟာ မဲရုံကို အကြောင်းတခုခုကြောင့် မသွားဘဲ နေကြမှာပါ။ အဲ့ဒီလူတွေ အများစုဟာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုဆိုင်ရာ အသက်သွေးကြောပမာ အရေးကြီးတယ်လို့ မသိကြတာ များပါတယ်။ မသွားဘူး အလုပ်ရှုပ်တယ်လို့ ဆိုသူက ဆိုပါတယ်။ လူထု နိုင်ငံရေးဟာ အေးစက်နေပါတယ်။ မဲသွားထည့်မယ့် လူတွေအထဲမှာ ထောက်ခံမယ် ကန့်ကွက်မယ် သူ့အကြောင်းနဲ့သူ ငြင်းခုံနေကြတာ ဒါ သဘာဝကျပါတယ်။ တချို့က ဖွဲ့စည်းပုံ အခြေခံဥပဒကို မကြိုက်ဘူး၊ ဒါပေမယ့် ထောက်ခံမဲ သွားထည့်မယ်။ ဘာလို့လဲဆိုတော့ နောက်တခါ ဖွဲ့စည်းပုံအခြေတခု ထပ်ရေးရင် ဒီထက် ပိုကြာသွားမှာကို စိုးရိမ်နေကြတယ်။ စိုးရိမ်စရာ အကြောင်းကလဲ ရှိနေတာကိုး။

 

ဓါတ်ပုံ

daw su meet with gambari.jpg

ယခင်သတင်း

Subscribe Unsubscribe